ဒီနေရာမှရေးတဲ့ကဗျာတွေကတော့ ကိုယ်ပိုင်ကဗျာတွေကော ကျွန်ုပ်စိတ်ကြိုက်ကဗျာလေးတွေကော တင်ပေးမှာဖြစ်ပါတယ်...
ကဗျာလေးတွေကိုဖတ်ပြီးဘ၀အမောတွေပြေ
“မျှော်လင့်ခြင်းများ”
သူငယ်ချင်းရေ…. မျှော်လင့်ခြင်းဆိုတာ… ငါ့ရင်ထဲက ချစ်ခြင်းတွေရဲ့ အစပေါ့… “မမျှော်လင့်နဲ့လို့” မင်းနှတ်ဖျားက ထွက်ခဲ့ပေမဲ့ မင်းပြောသမျှ စကားတွေထဲမှာ အဲဒီစကားတစ်ခွန်းပဲ ရင်ဘက်ထဲကိုမရောက်တာပါ….. မျှော်တော်ရောင် ဘ၀နဲ့ ကျေနပ်နေရတဲ့ငါ့ရဲ့ဘ၀မှာ ဒီတစ်ခုတော့ မစွန့်လွတ်ခိုင်းပါနဲ့… မျှော်လင့်ရင်းရူးသွပ်နေတဲ့. ငါ့ရဲ့အချစ်တွေကို… မင်းနားလည်ရင်ကျေနပ်ပါပြီ… တကယ်ပါကွာ….. ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်… “ ဘ၀ဆက်တိုင်း. မင်းရဲ့အချစ်ကိုမရမချင်း မျှော်လင့်နေရပါလို၏….” လို့ငါဆုတောင်းလိုက်မှာပါကွာ….. လေပွေ |
“ပြန်လာပါ”
သစ်ရွက်တွေကြေ လွမ်းရက်တွေရှည် အချိန်တန်ပြီ အိမ်ပြန်လာတော့ချစ်သူ…….. ရာသီတွေပြောင်း နာရီလည်းဟောင်း မခံစားနိုင် ဒီရင်ခွင်ဆီ ပြန်လာပါတော့ချစ်သူ…… နင့်ဘက်ငါ့ဘက် နှစ်ဘက်ကြည့်ပြီး အရင်အတိုင်းပဲ ငါ့ဘ၀ထဲ နားခိုလှည့်ပါချစ်သူ…. မြန်မြန်လာပါ လေပွေ… |
“ခေါ်သံ”
သန်းကောင်ယံ လပြည့်ညမှာ အလင်းရောင်ပျောက်ကွယ်နေတဲ့ ငါဟာ… အသံတစ်သံကို ဆက်တိုက်ကြားနေရတယ်.. အိမ်မက်ကလန့်နိုးသူပမာ ငါသေချာ နားထောင်လိုက်တော့ အော်.. ပရစ်အော်သံတွေပါလား.. ဒါပေမဲ့… အဲဒီခေါ်သံတွေဟာ နင်ခေါ်နေကြ “မောင်” တဲ့ နာရီတွေလည်းပြောင်း ရာသီတွေလည်းဟောင်းကုန်ပေမဲ့ ငါ့နားထဲမှာတော့.. နင့်ရဲ့“ခေါ်”သံ ကြားနေရတုန်းပဲ ချစ်သူရယ်…. လေပွေ… |